Chin miphun chung ah hin mithiam le mi ropi hi tampi an um tawn ko amah belte cu miphun pi pawl nih akan nehsawhtuk ruang ah mah dirhmun hi kan si,
Kum 95 asi cang atu tiang adam rih ko mi le ramkhelnak ah tha thon gai rih mi nih bia achimnak ah, kan mah Chin miphun hna t uhlan le hmailei caah siseh, Myanmar History nih Asho Chin kong hna arak chimnak Video ah ngai khawh asi, University of Georgia Bulldogs Alumni pakhat zong arak si, 31 March 1928 ah Dr. Htun Than hi Magwe Region, Minthung khuapi, Invit khua ah chuak mi asi, 1943 in Myanmar Independent ralkap Chin miphun Defence hna ah riantuantu arak si pin ah, University zong ah Student Union Leader ah bia tak tein rian arak taunt khi asi, 1949-1953 ah Mandalay University in B.Sc Agriculture special graduate angah ruang ah, State Scholar ah thim arak si, USA ah Sianginn kai khawhnak covo arak ngei mi asi.
1954-1955 ah University of Georgia in M.Sc in Agronomy arak ngah hnu ah, 1955-1959 ah University of Wisconsin in P.hD arak ngah, Post Doctorial Fellow-University of Frorida, USA 1961 ah arak ngah fawn khi asi, 1990 tiang Agriculture University ah Professional in arak tuan fawn cang khi asi, 2001 kum ah hin kum 74 asi lio ah Rangon Town Hall hmaika ah amah longte in acoyah duh lonak langhter in Demonstration anrak tuah cang kha asi, mahruang ah cun Kum 7 chung thawng an thlak hna hnu ah, 2007 kum ah an latter/thlah than kha asi.
British san, U Nu san, Ne Win “Mah-Sah-Lah” san, U Tan Shwe san, Atu “Mah-Ah-Lah” tiang arak phan khawh mi le an cawlcang khawh mi, Chin miphun chung dih lak nih Upat/Thangthat mi pakhat asi, Mit/Eye lei harsatnak an ngeih deuh ko hmanh ah akum hna nak in Ngandamnak lei atha tuk mi asirih pin ah fiang ngai ngai in bia achim khawh rih fawn hi Upat tlak taktak mi asi, Chin Student Union nih an tuah mi Asho Chin pakhat asi pin ah Nawlngeihnak san Ne Win san ah, family dih lak in thawng an thlak hna kha asi tiah, Minung pakhat long te Hri awhter mi Student Leader Salai Tin Maung Oo Ni ah atu bantuk in arak chim mi asi.
အသက် (၉၅)နှစ်ထဲဝင်နေပြီဆိုပေမယ့် အခုချိန်ထိ အမျိုးသားရေး၊ နိုင်ငံ့အရေးမှာ တက်ကြွစွာပါဝင်နေတဲ့ ကျွန်တော်တို့ချင်းအမျိုးသားတွေ ဖူးဖူးမှုတ်ထားရမယ့် ရှေ့မှီနောက်မှီ အဘဒေါက်တာဆလိုင်းထွန်းသန်းရဲ့ မြန်မာ့သမိုင်းက အရှိုချင်းအမျိုးသားတွေရဲ့အကြောင်းပြောပြတာလေး ဆက်ဆက်နားထောင်စေချင်ပါတယ်။ University of Georgia Bulldogs Alumni တယောက်လဲ ဖြစ်ပါတယ်။ ၁၉၂၈ မတ်လ ၃၁ ရက်နေ့ မှာ ဆရာကြီးဟာ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ အင်းဗြစ်ရွာမှာ မွေးဖွားခဲ့တာပါ။ ၁၉၄၃ ကနေစပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်တွေမှာ အမှုထမ်းခဲ့သလို၊ တက္ကသိုလ်ကျောင်းသားဘဝမှာလဲ ကျောင်းသားခေါင်းဆောင်လုပ်ခဲ့တဲ့ ထက်မြက်တဲ့သူတယောက်ပါ။
၁၉၄၉-၁၉၅၃ မှာ Mandalay တက္ကသိုလ်ကနေ B.Sc (Agriculture)ရပြီး ထူးချွန်လို့ state scholar အရွေးခံရပြီး USAကျောင်းတက်ခွင့်ရပြီး ၁၉၅၄-၅၅ မှာ University of Georgia ကနေ M.Sc in Agronomyရခဲ့သလို ၁၉၅၅-၅၉ မှာ University of Wisconsin ကနေ P.hD ယူနိုင်ခဲ့တဲ့သူပါ။ Post Doctorial Fellow – University of Florida, USA 1961. ၁၉၉၀ အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာ ပါမောက္ခလုပ်ခဲ့သူပါ။ ၂၀၀၁ ခုနှစ် အသက် ၇၄နှစ်အရွယ်မှာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ တကိုယ်တော်ဆန္ဒပြခဲ့လို့ထောင်ဒဏ် ၇နှစ်ချခံခဲ့ရပြီး လွတ်ငြိမ်းခွင့်နဲ့ ၂၀၀ မှာပြန်လွတ်ခဲ့သူပါ။
ဗြိတိသျှခေတ်၊ ဦးနုခေတ်၊ နေဝင်းမဆလခေတ်၊ သန်းရွှေခေတ်၊ အခုမအလခေတ်တွေ ကောင်းကောင်းမှီခဲ့တဲ့ ချင်းအမျိုးသားထဲက မတထောင်တကောင်ဘွား တမျိုးသားလုံး ဂုဏ်ယူစရာ အဘကို လေးစားဂါရဝပြုပါတယ်။ မျက်လုံးအားနည်းပေမယ့် အသက်အရွယ်နဲ့မလိုက်အောင်ကျန်းမာသန်စွမ်းပြီး စကားကိုလည်း ကြည်လင်ပြတ်သားစွာ ပြောသွားတာပါ။ ချင်းကျောင်းသားများသမဂ္ဂကပြုလုပ်တဲ့ အရှိုချင်းအမျိုးသား တယောက်ဖြစ်ပြီး အာဏာရှင်နေဝင်းခေတ်က မိသားစုတစုလုံးကိုထောင်ချပြီး တစ်ဦးတည်းကြိုး ပေးကွပ်မျက်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနေ့ မှာ ပြောသွားတာပါ။
link ah zoh khawh,
https://www.facebook.com/ChinTVOfficial/posts/pfbid03YJp7d4pkgKsWEYGSieFXs4a8PC921LZscKtQs1Lm9Tm7Hfbffyo6mQm2b6Bh6M3l
By Salai Thang | Chin TV | 19 July 2022 Ref: Speech @ Salai Tin Maung Oo Day by Chin TV on 26th June, 2022.