Theihtlei (Informative)

Information pek ning le Radio thawngthanh ningcang ram tang ah a um mi kan miphun kilhventu ralkap hna nih thahnemnak angeih khawhnak asi lai tiah,

Information pek ning le Radio thawngthanh ningcang ram tang ah a um mi kan miphun kilhventu ralkap hna nih thahnemnak angeih khawhnak asi lai tiah,

၁။ ရေဒီယိုစက်ဖြင့် တစ်နေရာမှတစ်နေရာသို့ စကားပြောဆက်သွယ်ခြင်းသည် ရိုးရိုးတယ်လီဖုန်းဖြင့် ဆက်သွယ်ခြင်းနှင့်မတူဘဲ ကွဲပြားခြားနားမှုရှိသည်။အောက်ဖော်ပြပါ အ​ခြေအနေများကြောင့် ရေဒီယိုဖုန်း ဆက်သွယ်နည်းကို တတ်ကျွမ်းရန် လိုအပ်ပါသည်။ (က) ရေဒီယိုစက်ဖြင့်ပြောဆိုဆက်သွယ်မှု မှန်သမျှကို ရန်သူမှ ကြားဖြတ် ဖမ်းယူနားထောင်နိုင်ခြင်း(ခ) ကောင်းမွန်သော ရေဒီယို အဆက်အသွယ်ဖြစ်စေကာမူ အနှောင့်အယှက်သံများ ပေါ်ပေါက်နိုင်သဖြင့် ကြေးနန်းစာများ လွဲမှားစွာ ဖော်ပြနိုင်ခြင်း(ဂ) တစ်ချိန်တည်းတွင် ဆက်သွယ်သူနှစ်ဦး ပြိုင်တူပြောဆိုလျှင် ရှုပ်ထွေးမှုများ ဖြစ်စေနိုင်သဖြင့် ဆက်သွယ်မှု စည်းကမ်း လိုအပ်ခြင်း ဆက်သွယ်နည်း

၂ ။(က) လုံခြုံမှု (ခ) တိကျမှန်ကန်မှု (ဂ) စည်းကမ်းတကျရှိမှု

၃။ ရေဒီယို အဆက်အသွယ်တိုင်းတွင် ပို့သူ၊ ဖမ်းသူနှင့် ကြားဖြတ်နားထောင်သူဟူ၍ လူသုံးဦးတစ်ပြိုင်နက် အလုပ်လုပ်လျက်ရှိသည်ဟု မှတ်ယူရမည်ဖြစ်သည်။ ထို့ကြောင့် ရေဒီယို အဆက်အသွယ်မှ စကားပြေဖြင့် ပေးပို့ ချက်မှန်သမျှသည် ရန်သူအနေဖြင့် သိရှိနေပေမည်။

၄။ အတိုဝှက်များအသုံးပြုခြင်း

(က) အမည်ဝှက် (ခ) သညာဝှက် (ဂ) စကားဝှက် (ဃ) ရာထူးဝှက်

(က)အမည်ဝှက် စစ်ဆင်ရေးတွင် ပါဝင်သော တပ်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ အမည်များကို စာလုံးပေါင်းပြီး အသံထွက်ဖတ်၍ရသော အခြားစကားလုံးနှစ်လုံးဖြင့် ပြောင်းလဲသတ်မှတ်ထားခြင်းဖြစ်သည်။ဥပမာ-

(က) Major 48 – ဒေဝ (ခ) PSDF – သီဟ (ဂ) တပ်မ (၃၃) – လင်းယုန်

(ခ)သညာဝှက် စစ်ဆင်ရေးတွင် အကျုံးဝင်သည့် စုရပ်၊ စီရပ် ၊စမျဥ်း၊ ရည်မှန်းချက်၊ မြို့အမည် ၊ရွာအမည် အစရှိသည့် တည်နေရာများကို ဗျည်း (သို့) ဂဏန်း သုံးလုံးဖြင့် ပြောင်းလဲသတ်မှတ်ထားခြင်းဖြစ်သည်။ဥပမာ-

(က) စုရပ် (ထန်းတော)  –  ကခဂ (ခ) ရည်မှန်းချက်(ပုလဲမြို့) – ၁၅၆ (ဂ) ရေဦးမြို့  –  ငပတ

(ဂ) စကားဝှက် စစ်ဆင်ရေးတွင် ပါဝင်အသုံးပြုသော စစ်လက်နက် ပစ္စည်းများ၊ ယာဥ်များနှင့် အသုံးပြုမည့် စကားလုံးများကို ညွှန်ကြား ချက် ပေးပို့သည့်အခါနှင့် သတင်းပေးပို့ သည့် အခါများတွင် ပြောင်းလဲ သုံးစွဲရန်အတွက် နီးစပ်ခြင်းမရှိသော အခြားစကားလုံးဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်။ဥပမာ-

(က) တင့်ကားတစ်စီး – နေကြာပန်းတစ်ပွင့် (ခ) လေယာဥ်တစ်စီး – ချယ်ရီပန်းတစ်ပွင့်

(ဃ)ရာထူးဝှက် စစ်ဆင်ရေးတွင် ပါဝင်သော အရာရှိများ၏ ရာထူးများကို ယာယီလတ်တလော အသုံးပြုရန် အခြားစကားလုံး နှစ်လုံးဖြင့် ပြောင်းလဲသတ်မှတ်ထားခြင်းဖြစ်သည်။ဥပမာ-

(က) တပ်မှူး  –  သူရိန် (ခ) ဒုတပ်မှူး –  နေမျိုး (ဂ) စစ်ဦးစီးအရာရှိ  – ဇီဝ (ဃ) စစ်ရေးအရာရှိ –  ဝဏ (င) စစ်ထောက်အရာရှိ  –    ရူပ တိကျမှန်ကန်မှု

၅။ စကားပြောနည်း

(က)မိုက်ကရိုဖုန်း အနေအထား (ခ) ဌာန်ကရိုဏ်းကျခြင်း (ဂ) အသံနှုန်းထား (ဃ) အသံအတိုးအကျယ် လုပ်နည်းသညာများ

၆။ အကြမ်းဖက်တပ်သုံး (မ) စကားထာများကို ဆက်သွယ်မှု အတွက် အဓိက သတ်မှတ်ထားပြီး အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး လုပ်ငန်းသညာများမှ အသုံးများသော (Q CODE) များနှင့်လည်း ဆက်စပ်မှုရှိစေရန် စီစဥ်ထားသည်။

မ ၀၁.  စက်ဖွင့်ပေးပါ,

မ ၀၂.  ရာသီဥတု အခြေအနေ သတင်းပို့

မ ၀၆.  သတ်မှတ်ထားသည့် အချိန်အတိုင်း မှန်မှန်ဆက်သွယ်ပါ

မ ၀၇.  နှေးနှေးပို့ပါ,

မ ဝ၈.  ဓာတ်အားကုန်ခါနီးပြီ,

မ ၀၉. ပယ်ဖျက်ပါ,

မ ၁ဝ. ​နှောင့်ယှက်သံရှိသည် (ပတ်ဝန်းကျင်)

မ ၁၁. နှောင့်ယှက်သံရှိသည်(စက်),

မ ၁၂.  အသံရှည်ပေးပါ,

မ ၁၄. အသင့်ဖြစ်ပြီကြေးနန်းပို့ပါ

မ ၁၅.  အသံညှိပါ,

မ ၁၈. အသံ အား(Tone) အဆက်အသွယ် အခြေအနေ သတင်းပို့ပါ

မ ၂၄.   မေးဖြေ စကားဝှက်,

မ ၂၆.  တာဝန်ခံစက်လုပ်ပါ,

မ ၃၀. ကြေးနန်းပို့ရန်ရှိသည်,

မ ၃၁.  အသင့်ဖြစ်ပြီ

မ ၃၂.   ထမင်းစားမည်,

မ ၃၅.  အသင့်နေပါ,

မ ၃၆.  မူလအတိုင်းပြန်လုပ်မည်,

မ ၄၅.  အချိန်တိုက်မည်

မ ၄၆.    (     ) နာရီ ထိုးပြီ,

မ ၅၃.  လုံးဝမကြားရ,

မ ၅၄.  အချင်းချင်းအသံအားသတင်းပို့ပါ

မ ၅၆.  ကြေးနန်းလက်ကျန်မရှိပါ,

မ ၆၃.  စက်ပိတ်လို့ရပြီ, မ ၆၄.  ခရီးဆက်ထွက်မည်

မ ၆၆.  တစ်စုံတစ်ယောက် ဝင်ရောက်နှောင့်ယှက်နေသည်,

မ ၇၂.  စက်တစ်လုံးဝင်ရောက်ခေါ်နေသံကြားရ

မ ၈၈.  ယခုစက်ပိတ်ပါမည်,

မ ၉၀.  ပစ်ခတ်သံကြားလျှင်စက်ဖွင့်ဆက်သွယ်ပါ,

မ ၉၆. လိုက်နာဆောင်ရွက်ပါမည်

မ ၉၉.  မင်းဘယ်သူလဲ

ဂဏန်းများ  ၁ – တစ်ယော။ ၂ – နီလာ ။၃ – သူဇာ။ ၄ -လင်းယုန်။ ၅- ငါးရံ့ ။ ၆ – သဝေ။ ၇ – ရထား ။၈ – ဂစ်တာ။ ၉ – ကမာ။ ဝ – ဝက်ကြီး။ အက္ခရာများ

က ကမာ ၊ခ ခရု ၊ ဂ ဂီတာ၊ င ငါးရံ့ ၊ စ စွယ်တော်၊ဆ ဆရာ၊ ဇ ဇင်ယော်၊ ည ညနေ၊ တ တောက်တဲ့

ထ ထန်းသီး၊ ဒ ဒန်းပင်၊ ဓ ဓနိ၊ န နီလာ၊ ပ ပုလဲ၊ ဖ ဖရုံ ၊ ဘ ဘိုးတော်၊ မ မာလာ၊ ယ ယမင်း၊ ရ ရထား၊ လ လိပ်ပြာ၊ ဝ ဝက်ကြီး၊ သ သူဇာ၊ ဟ ဟင်းသာ၊အ အာလူး

သရများ , ဘီးစပတ် ,စောင်ခြုံ, အောက်စီးဝမ်း, ေ့စီးတူး, ဒါတွေကတော့ အကြမ်းဖက် တပ်သုံးတွေပဲ ဖြစ်ပါတယ်။တော်လှန်ရေး အင်အားစုများအနေနဲ့ ကိုးကားတီထွင် အသုံးပြုနိုင်စေရန် ရည်ရွယ်တင်ပြပေးလိုက် ရပါတယ်ခင်ဗျာ။  ဇင်ယော် – ပြည်သူ့စစ်သား စစ်မြေပြင် ကျွမ်းကျင်မှု အကြောင်း ပိုမိုသိရှိလိုပါက ကိုဇင်ယော် – ပြည်သူ့စစ်သား အကောင့်ကို Like လုပ်ထားပေးကြပါ။