Israel fighter Jets nih Syrian Hezbollah ah target bomb piak le Israel president UAE atlawng lio ah Houthi Rebels hna nih Abu Dhabi missile in an kap,

Syrian state TV report ning in Monday zing lei ah khan Israel jets hna nih Syria khuapi Damascus ah airstrikes ngei in an target bak an fuh ko, Syrian Observatory For Human Rights tar lan ning in Israel Airstrikes nih hin Hezbollah positions, outposts & weapon depots, northeast Damascus pawng afuh khi asi, mah Airstrikes hi Russia le Syrian air force jets hna nih Golan Heights area ah military jet patrolling an ngeih dih hnu ah asi, Syrian state media SANA nih Israel Airstrikes nih hin thil tampi chiatter asi an ti, Israel cawlcang ning ah hin- Iran proxies Syria & Lebanon, a bik in  Hezbollah terrorist militia hna hi an target tawn mi khi asi.

Mah lio ah hin Israel President Hezrog cu a nupi he Abu Dhabi ah an tlawng lio asi, nain Iran-backed Houthi rebels hna nih Abu Dhabi ah missile anrak kap lut khi asi, Abu Dhabi’s air defence system nih hin Ballistic Missile arak kah-I atla nain aho hmanh thi le hriamhma ngei an um lo, United Arab Emirates (UAE) le Yamen hna hi 2015 in an iremh lo ngai khi asi cang, President Isaac Herzog le  Abu Dhabi’s Crown Prince Sheikh Mohammed bin Zayed Al Nahyan, hna nih hin UAE le Israel riantuanti hna pawl cu sau ngai an chim hna, President nih hin Dubai expo minung 600,000 leng nih ni fatin visitor ngei mi cu an open piak fawn khi asi.

Relchap ding:-

“တပ်ပြင်ကို ထွက်ပြီးတော့ ပြည်သူတွေရှိတဲ့ ရပ်ကွက်တွေ လမ်းတွေ အာဏာရှင်တည်မြဲဖို့ လူကြီးတွေ သူ့နေရာ သူ တည်မြဲဖို့အတွက်ကို အသက်တွေ ပေးပြီးတော့ ဘာမှ မကာကွယ်နဲ့”

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာကြားစခန်းမှူးမှ CDM ဗိုလ်ကြီး ကောင်းသူဝင်းနှင့် တွေ့ဆုံခြင်း အပိုင်း – ၁

စစ်တက္ကသိုလ် အပတ်စဉ် ၅၂ ဆင်း ဗိုလ်ကြီးကောင်းသူဝင်းသည် အနောက် မြောက် တိုင်း စစ်ဌာနချုပ်လက် အောက်ခံ မုံရွာကြားစခန်းမှူးအဖြစ်တာဝန်ယူခဲ့သော တတိယတန်း စစ်ထောက်တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက် နေ့တွင် လက်နက်အပြည့်အစုံဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-KKG ထံ CDM ပြုလုပ်ကာ အလင်းဝင်ခဲ့သူတစ်ဦး ဖြစ်သည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဗိုလ်ကြီး ကောင်းသူဝင်းနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ဗိုလ်ကြီးက CDF KKG ဘက်ကို CDM လုပ်ပြီးတော့ ရောက်သွားတယ်ပေါ့နော်။ အဲဒီ Process လေးကို သိချင်တာဗျ။ ပြည်သူ့ စစ်သားအဖွဲ့နဲ့ ချိတ် ဆက်ပြီးလား ၊ ဘယ်ကြီး ဘယ်လို အစီအစဉ်နဲ့ ရောက်သွားတာလဲ ။

ဖြေ။ ။ ကျွန်တော် CDM လုပ်မယ်ဆိုတော့ ကျွန်တော် စချိတ်တယ်။ ချိတ်တော့ ကျွန်တော့်မိန်းမက ချင်းတိုင်းရင်းသူ။ ချင်းတိုင်းရင်းသူဆိုတော့ သူ အမျိုးတွေ ရှိတဲ့ မတူပီဘက်ကို ချိတ်တယ်။ CDF မတူပီပေါ့နော်။ မတူပီနဲ့လည်း အချိတ် အဆက်ရတယ်။ ရတဲ့အချိန်မှာ ကျွန်တော်တို့ သူတို့ လမ်း ကြောင်းပြောတယ်ပေါ့။သူတို့ပြောတဲ့ လမ်းကြောင်းက မင်းတပ် မတူပီဘက်က သွားရမယ်ပေါ့။ ဒါ ကျွန်တော် တာဝန်ကျတဲ့ နေရာပေါ့နော်။ အဲဒီနေရာတွေ ဖြတ်သွားရမယ်ဆိုတော့ တပ်တော်တော်များများက ကျွန်တော့်ကို သိမယ်။ အဲဒီတော့ ကျွန်တော်က အဲဒီလမ်းကြောင်း မသွားချင်ဘူးပေါ့ ။

ကျွန်တော့်ကိုလည်း မသိတဲ့ လမ်းကြောင်းပေါ့။ လွတ်လွတ်ကင်းကင်းသွားလို့ရမယ့် လမ်းကြောင်း သွားချင်တာ ဖြစ်လို့ သူတို့ကနေ တစ်ဆင့် ကျွန်တော့်ကို သူတို့ ချိတ်ပေးတယ်။ ချိတ်ပေးတဲ့အချိန်မှာ ကျွန်တော့်ကို CDF KKG ကနေပြီးတော့ ကျွန်တော့်ကို လာပြီး‌တော့ ဆက်သွယ်တယ်ပေါ့။ဆက်သွယ်တဲ့အချိန်မှာ CDF KKG နဲ့ ကျွန်တော်နဲ့ ဖုန်း Contact စပြီးတော့ ရတယ်။ ရပြီးတဲ့အချိန်မှာ ကျွန်တော် သူတို့နဲ့ အချိတ်အဆက်တွေ ပြောပြီးတော့ သူတို့ပြောတဲ့ နေရာ ရောက်အောင်ဆိုပြီးတော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကျွန် တော် ဒီ လိုင်းကားတွေ ဘာတွေ စီးပြီးတော့ သွားတာပေါ့နော်။ မုံရွာကနေပြီးတော့ ။

မေး။ ။ ဗိုလ်ကြီးက ဒီလို မိသားစုနဲ့ ဝင်လာတယ်။ အဲဒီ တပ်ထဲက အခြေအနေနဲ့ အပြင် ရောက်တဲ့အခြေအနေနဲ့ လုံခြုံမှုပေါ့ ။ ဘယ်လိုမျိုး ခံစားရလဲ ဘယ်လို ပြောချင်လဲဗျ။

ဖြေ။ ။ တပ်ထဲမှာ နေတုန်းကတော့ ကျွန်တော်တို့ စစ်သားပဲ ဖြစ်ဖြစ် ကျန်တဲ့ မိသားစု ဇနီးတွေပဲဖြစ်ဖြစ် တပ်ထဲ အဝန်းအဝိုင်းထဲမှာ သူတို့အတွက် လုံခြုံမှု ရှိလိမ့်မယ်။ ဒါပေမဲ့ တပ်ပြင်ကို ထွက်ပြီးတော့ ပြည်သူတွေရှိတဲ့ ရပ်ကွက်တွေ လမ်းတွေ ဈေးတွေ ဘုရားပဲ ဖြစ်ဖြစ် ဘုရားကျောင်းကန်ပဲ ဖြစ်ဖြစ် ဘယ်နားသွားသွား ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ လုံခြုံမှုဆိုတာ လုံးဝမရှိတော့ဘူး။ ကိုယ့်အတွက်လည်း စိတ်ကလည်း မလုံခြုံဘူး ကိုယ်ကလည်း မလုံခြုံဘူးဆိုတဲ့ အနေအထားရှိပါတယ်။

ဒီအနေအထားမှာ ကျွန်တော် အပြင်ထွက်လာတယ်။ အပြင်ထွက်လာပြီးတော့ လုံခြုံရေးဂိတ်တွေ ဖြတ်လာပြီးတော့ မုံရွာအပြင် မြို့ပြင်ရောက်ကတည်းက ကိုယ့်ကိုယ်ကိုယ် လုံးဝ လုံခြုံတယ်ပေါ့နော်။ အဓိက ဂိတ်တွေဖြတ်ပြီးတော့ တိုင်းရင်းသား ကျွန်တော် အခု KKG နဲ့တွေ့တယ်ပေါ့နော်။ KKG နဲ့တွေ့ပြီးတဲ့ နောက်ပိုင်းမှာဆိုရင် သူတို့ ကျွန်တော်တို့ကို ခေါ်သွားတဲ့ လမ်းကြောင်းပေါ့နော်။

လမ်းကြောင်းတွေက ကျေးရွာတွေဆိုရင် အများကြီးပေါ့နော်။ ပြည်သူတွေက CDF တွေကို အများကြီး အထောက်အကူ ပေးပြီးတော့ ကျွန်တော်တို့လည်း လမ်းမှာ တစ်ရွာမှာ တစ်ရွာမှာ အိပ် အိပ်ပြီးတော့ သွားရတာကိုး။ သွားတော့ ကျွန်တော်တို့ကို လိုလေသေးမရှိ ကူညီပေးတယ်ဗျာ။ သူတို့ရဲ့ အနေအထားတွေ အဲဒီအချိန်ကျမှ ပြည်သူတွေရဲ့ အနေအထားကို အများကြီး သိမြင်ခွင့်ရတာပေါ့။

မေး။ ။ ဗိုလ်ကြီးတို့ ဒီလိုမျိုး CDM လုပ်ဖို့အတွက် အဓိက တွန်းအားက ဘယ်ဟာလို့ ပြောရမလဲ ။

ဖြေ။ ။ အဓိကက နောက်ပိုင်း ကျွန်တော် တော်တော်များများ မြင်လာရတယ်။ ဘာလဲဆိုတော့ တပ်က ပုံမှန်အနေအထားမဟုတ်တော့ဘူး။ လုပ်တာတွေက ။ စစ်ဆင်ရေးကိစ္စ ဆောင်ရွက်တဲ့အခါတွေမှာ ပုံမှန်အနေ အထားမဟုတ်တော့ဘူး။ အကြမ်းဖက်မှု ဆန်တာပေါ့နော်။ အများကြီး ဆန်လာတယ်။

အကုန်လုံးတော့ မပြောဘူးပေါ့နော်။ ဒါပေမဲ့ တော်တော်များများပါပဲ။ အခုဆိုရင် တိုက်ပွဲဖြစ်တဲ့ ရွာတွေပေါ့။ တိုက်ပွဲဖြစ်တယ်ဆို ရွာသားတွေက ပြေးသွားမယ်။ တစ်ဖက်နဲ့ တစ်ဖက် ပစ်မယ်။ ပစ်တဲ့အချိန်မှာ တစ်ဖက်ကလည်း ဆုတ်လို့ ရွာကို ဝင်လိုက်တဲ့အချိန်။ အဲဒီအချိန်ကျရင် ရွာမှာရှိတဲ့ ရှောင်သွားတဲ့ သူတို့ရဲ့ အိမ်တွေကို လိုအပ်တဲ့ ပစ္စည်းတွေ ယူတာပေါ့ဗျာ။ ဆိုင်ကယ်တွေ ဘာတွေဆိုရင်လည်း ကားပေါ်တင်လို့ရရင် တင်သွားတယ်။ အဲဒါအပြင်ကို သူတို့က ဘာပိုဆိုးလဲဆိုလို့ရှိရင် သူတို့လည်း သယ်လို့ မရဘူး။သယ်လို့လည်း အဆင်မပြေဘူး။ ကျန်တဲ့ လူအတွက်လည်းအသုံးတည့်မယ်၊ အဲဒီလို ပစ္စည်းမျိုးတွေကို ဖျက်သွားတယ်ဗျ။ ဥပမာ -ဗီရိုတို့ ဆက်တီစားပွဲတို့ ဆိုလာပြားတို့ အဲဒီလိုအနေအထားတွေ ကျွန်တော် အများကြီးကြားရတယ်ပေါ့ဗျာ။ အဲလိုကြားတော့ ကျွန်တော် ဒါအတော် စိတ်မကောင်းဖြစ်ပြီးတော့ ပြည်သူ တွေက အဲဒီလောက်တောင် ခံစားနေရတယ်၊ စစ်တပ်က စစ်တပ်အလုပ် မဟုတ်တော့ဘူး ။ တော်တော်များများက အကြမ်းဖက်မှုဆန်နေပြီဆိုတာကို ကိုယ်တိုင် ကြားတဲ့အနေအထားမှာ..။

မေး။ ။ အဓိက တပ်ထဲမှာ ဗိုလ်ကြီးတို့ နေခဲ့တဲ့အချိန်မှာ ဗိုလ်ကြီးအမျိုးသမီးကလည်း ချင်းလူမျိုးဖြစ်တယ်။ ချင်းတိုင်းရင်းသားဖြစ်တယ်ဆိုတော့ သူ့ဘက်ကရော ဗိုလ်ကြီးကို ဘယ်လိုမျိုး ပြောလဲ။ ဒါမှမဟုတ် ဗိုလ်ကြီးကိုယ်တိုင်ကရော ဘယ်လိုမျိုး စိတ်ရှိလဲ။ ဗိုလ်ကြီးတို့ နှစ်ယောက် ဘယ်လိုညှိပြီးတော့ ဒီလိုမျိုး အခြေအနေရောက်လာလဲ။

ဖြေ။ ။ ကျွန်တော်ကတော့ တပ်ထဲမှာ သွားမနေဘူးပေါ့ဗျာ။ တပ်ပြင်မှာပဲ နေတယ်။ ဒါပေမဲ့ အကုန်လုံးက တပ်ထဲမှာ နေဆိုပြီးတော့ တပ်ထဲမှာနေ ။ ကျွန်တော်တို့ဆိုရင် .. တည်းခိုရေးတပ်မှာ သွားနေခိုင်းတာတွေ အနေအထားတွေ ရှိတယ်။ဒါပေမဲ့ ကျွန်တော်က အဆင်ပြေအောင်ပဲ စီစဉ်ပြီးတော့ အဲဒီလိုမျိုးလေး နေတယ်။ အဲဒီလို အနေအထားလေးနေတယ်ပေါ့။ ဇနီးနဲ့ကတော့ သူကတော့ ပထမပိုင်းတွေတုန်းကတော့ သိပ်ပြီးတော့ မပြောချင်ဘူးပေါ့နော်။ နောက်ပိုင်းကျတော့ အတော်ဆိုးဆိုးဝါးဝါး အနေအထားကြီးကျ‌တော့ သူတို့ မျိုးနွယ်တွေဘက်မှာ သူတို့ချင်းလူမျိုးတွေဘက်မှာ ပိုပြီးတော့ ဆိုးတော့ ကျွန်တော့်ကိုလည်း အများကြီး တိုက်တွန်းတယ်ပေါ့။ကျွန်တော့်အနေနဲ့ကတော့ တပ်ထဲ သတင်းရော အပြင်သတင်းရော အကုန်လုံးလည်း မျှကြည့်လို့ရတဲ့ အနေအထားမှာ ပေါ့ဗျာ။ ဒါဟုတ်နိုင်လား ၁၀၀ ရာခိုင်နှုန်းမှာမှ ၈၀ ရာခိုင်နှုန်း မှန်နိုင်လားပေါ့။ မြေပြင်အနေအထားမှာ အနီးစပ်ဆုံး ကြားရတဲ့ဟာနဲ့။ ကိုယ်နဲ့ သက်ဆိုင်တွေဘက်တွေမှာ ကျွန်တော် ပြန်ပြီးတော့ သုံးသပ်ကြည့်တာပေါ့။ အဲဒီအနေအထားမှာ နောက်ိပုင်းကျတော့ သေချာဆုံးဖြတ်ပြီး ဒီလိုလုပ်ခဲ့တာပါ။

မေး။ ။ အခုဆိုရင်ကော ဗိုလ်ကြီးတို့ မိသားစု နေရထိုင်ရတာရော အဆင်ပြေလားဗျ။ ချင်းတပ်ဖွဲ့ဘက်က ဘာတွေ ဘယ်လိုမျိုး စီစဉ်ထားပေးလဲ။

ဖြေ။ ။ ဟုတ်ကဲ့ ။ ချင်းတပ်ဖွဲ့ရော ဒီပြင် ချင်းအဖွဲ့အစည်းတွေ ရှိသေးတာပေါ့။ အဲဒီ အဖွဲ့ အစည်းတွေနဲ့လည်း တွေ့ရတယ်။ ကျွန်တော်တို့ ချင်းတပ်ဖွဲ့မှ မဟုတ်ဘူး ကျန်တဲ့ အဖွဲ့လေးတွေနဲ့လည်း တွေ့ရတနယ်။ ဟုတ်ကဲ့ ကျွန်တော် အခုအချိန်မှာ အဆင်ပြေပါတယ်။ အဆင်ပြေတဲ့ နေရာမှာ ရောက်ရှိနေပါတယ်။

မေး။ ။ အခုလက်ရှိမှာ ဘာလုပ်မယ်လို့ စဉ်းစားထားပါသလဲ ခင်ဗျာ ။

ဖြေ။ ။ လက်ရှိအနေအထားမှာတော့ ကိုယ်တာဝန်ထမ်းဆောင်ဖူးတဲ့ တပ်ကိုတော့ ပြန်ပြီးတော့ မတိုက် ပါဘူး။ ဒါပေမဲ့ ကျွန်တော် သိခဲ့တဲ့အချက်အလက်တွေကို ညှိနှိုင်းပေးတာ၊ ဘယ်လိုဖြစ်နိုင်တဲ့ အခြေ အနေလေးတွေကို သုံးသပ်ပေးတာ အဲဒီလိုမျိုးလေးနဲ့ ကူညီဆောင်ရွက်ပေးမှာပါ။

မေး။ ။ ဒီ CDM လုပ်လိုက်တယ်ဆိုတော့ အရင် လုပ်ခဲ့ဖူးတဲ့ အရင် ဗိုလ်ကြီးတွေ ဗိုလ်မှူးတွေ ရှိတယ်။ အဲဒီဟာတွေနဲ့ ချိတ်ဆက်ပြီးတော့ရော ဘယ်လိုမျိုးတွေ လုပ်နေလဲ ။ သူတို့နဲ့ရော စကားတွေ ပြောဖြစ်လား ။ ဘယ်လိုမျိုး ရှိလဲဗျ။

ဖြေ။ ။ ဟုတ်ကဲ့ ။ ပြည်သူ့ ပန်းတိုင်မှာ ဗိုလ်ကြီး ညီသုတပေါ့။ သူနဲ့ ကျွန်တော်နဲ့က တစ်ပတ်စဉ်ထဲပဲ။ စကားပြောထားတာလေးတွေလည်း ရှိပါတယ်။ သူနဲ့တော့ အဓိက ချိတ်ဆက်မှု ရှိတယ်ပေါ့။

မေး။ ။ အခု ဗိုလ်ကြီးတို့ မိသားစုအလိုက် CDM လုပ်လာတာဆိုတော့ ဗိုလ်ကြီးမှာ‌ရော တခြား မိသားစု မိဘတွေရော အဲဒါတွေရော ဘယ်လိုမျိုးရှိလဲ ။ သူတို့ လုံခြုံရေးကော။

ဖြေ။ ။ ကျွန်တော့် မိဘတွေတော့ ရှိပါတယ်။ အခုအချိန်ထိတော့ ဘာမှ မဖြစ်ပါဘူး။ ဘာမှမဖြစ်တဲ့ အကြောင်းအရင်းကလည်း အသက်ကြီးလို့လည်း ဖြစ်နိုင်တာပေါ့နော်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဇနီးရဲ့ မိဘတွေ ရှိတဲ့ သူတို့ အိမ်ဝန်းကျင်တို့ မတူပီမှာ ရှိတာကိုး။အဲဒီ အိမ်ဝန်းကျင်တို့ ဘာတို့တော့ ဝင်ပြီးတော့ ဖမ်းတာတို့ ဘာတို့ ရှိတယ်ပေါ့။ အိမ်ဘေးနားက အရွယ်ရောက်တဲ့ ကောင်လေးတွေ ဘာတွေ ပါတယ်ပေါ့။ သူတို့ ဘယ်လိုထင်လဲတော့ မသိဘူး။ ကျွန်တော့် ယောက္ခမအိမ်လို့ ထင်လို့လား ။ အဲဒီလို အနေ အထား မျိုးလေးတွေတော့ ကျွန်တော့် ဇနီးကနေ တစ်ဆင့် သူတို့ အမျိုးတွေကတစ်ဆင့် အဲဒီလို အနေ အထားမျိုးလေးတွေတော့ ပြန်ကြားရတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ယောက္ခမတွေကတော့ အခု အချိန်အထိတော့ လွတ်လွတ်ကင်းကင်းငြိမ်းငြိမ်းချမ်းချမ်းရှိပါတယ်။

မေး။ ။ အခုဆိုရင် လကုန်တယ်ဆိုရင်ပဲ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အာဏာသိမ်းတာက တစ်နှစ်ပြည့်တော့မယ်ဗျ။ ဒီအချိန်မှ CDM ဝင် နောက်ကျတယ်ပေါ့။ အဲဒီလိုဆိုတော့ ဗိုလ်ကြီး အမြင်ကရော ဘယ်လိုမျိုးရှိလဲ ။ စောစောစီးစီးဝင်ခဲ့သင့်တယ်တို့ အဲဒီလိုမျိုး ပြောကြတာတွေလည်း ရှိတယ်။ ဘယ်လိုမျိုးရှိလဲ ။ ဗိုလ်ကြီး အမြင်က

ဖြေ။ ။ အဓိကကတော့ဗျာ CDM ဝင်မယ်ဆိုရင် ဝင်မယ့် လူတစ်ယောက် သူ့အတွက်တော့ အခက် အခဲတွေ အများကြီးရှိတယ်။ ဥပမာ – ကျွန်တော်ပြောသလို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ချိတ်ဆက်ရခက်တဲ့အပိုင်း၊ နောက်ပြီးတော့ မိသားစုအပိုင်းပေါ့။ နောက်ပြီးတော့ တပ်ထဲကနေ သူထွက်လာဖို့ အခက်အခဲ ရှိနိုင်တဲ့ အပိုင်း။ နောက်တချို့ကျတော့လည်းဗျာ ၊ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်တာ အသက် ၅၅ လောက်ရှိနေပြီ ပင်စင် တစ်နှစ် ၂ နှစ်လောက်မှာ ယူတော့မယ်။အဲဒီကျရင် တပ်အနေအထားမှာ အခုအချိန်မှ CDM ဝင်လိုက်ရင် သူ့ရဲ့ လုပ်သက်တို့ ၊ Gratuity တို့ ၊ ပင်စင်တို့ ဆုံးရှုံးရမယ့် အချိန်မှာပေါ့ဗျာ၊ အဲဒီလိုမျိုးတွေပေါ့၊ နှမြောတာတွေ အများကြီးရှိမှာပေါ့ဗျာ။ဘာလို့လဲဆိုတော့ တချို့တော်တော်များများက အဲဒီလိုမျိုးပေါ့။ စစ်တပ်မှာ ၅၅ တို့ ၆၀ နားကပ်တာတွေက သူတို့တွေက နှစ်ပေါင်းများစွာလည်း တိုက်ပွဲတွေ ဝင်ခဲ့တယ်ပေါ့။ မသေဘဲနဲ့ အဲဒီလို အနေ အထားဖြစ်တဲ့အချိန်မှာ နှမြောတာပေါ့ဗျာ။သူတို့ရဲ့ လုပ်သက်တွေ ၊ ရပိုင်ခွင့်တွေ နှမြောတဲ့ အဖွဲ့တွေလည်း ရှိမှာပေါ့။ အကုန်လုံးကတော့ ဘယ် အချိန်လုပ်လုပ် လုပ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၅ လပိုင်းလောက်ကတည်းက စပြီးတော့ စဉ်းစားဖူးတာတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော့် အခက်အခဲက ဘာလဲဆိုတော့ ဇနီးသည် ကိုယ်ဝန်ရှိတဲ့ အချိန်နဲ့ သွားလာရမယ့် လမ်းခရီး၊ ပြီးတော့ ရောက်ပြီးရင် ဆက်နေရမယ့် အနေအထား ။ဒါဘယ်လိုမှ မသိဘူး။ အဆင်ပြေမလား ၊ မပြေဘူးလား တောထဲမှာဆိုရင်လည်း ဘယ်လို မီးဖွားမလဲ ။ အဲဒီလိုမျိုးအနေအထားတွေကြောင့် တချို့တွေကလည်း မနေချင်ဘဲ မှေးနေရတဲ့ အနေအထားတွေလည်း ရှိတာပေါ့။ အဲဒီအတွက်ကြောင့်မို့လို့ ကိုယ်အဆင်ပြေတဲ့ အချိန်ကျမှပဲ ထွက်လာတဲ့ အနေအထားလေးပါ။ အဲဒီလိုမျိုးလေးတွေပေါ့။ ဟုတ်ကဲ့

မေး။ ။ အဲဒါဆိုရင် ဗိုလ်ကြီး သိရသလောက် ဗိုလ်ကြီး မထွက်လာခင် နောက်ဆုံး တပ်ထဲမှာရော ဘယ်လိုမျိုး ရှိလဲဗျ။ ဒီ CDM ကိစ္စ၊ နွေဦးတော်လှန်ရေး ၊ ဒီ စစ်အာဏာသိမ်းတာ ၊ တပ်ထဲမှာ တပ်ထဲက စစ်သားတွေ ကြားထဲမှာ ဘယ်လိုရိုက်ခတ်မှုတွေ ရှိလဲ ။

ဖြေ။ ။ ရှိတာပေါ့ဗျာ။ ပုံမှန်အနေအထားထက်ကို ပိုပြီးတော့ တပ်တွေက ပိုပင်ပန်းတယ်ဗျာ။ အခုဆိုရင် ခြေလျင် ခြေမြန်တိုက်ခိုက်ရေးတပ်တွေ ဆိုရင် တပ်မကြီးဆိုလည်း နှစ်ပေါက်အောင် တာဝန်ထမ်းဆောင် ပြီးတဲ့ အပြင်ကို ထပ်ပြီးတော့ ထမ်းဆောင်ရတယ်။ လက်ရုံးတပ်ဖွဲ့တွေ ဆိုလည်း ပုံမှန် သူတို့ လက် ရုံး တပ်ဖွဲ့တွေကို ဆောင်ရွက်တဲ့ အနေအထားပဲ ရှိတယ်။မြို့ထဲကို မြို့တွေကို ထိန်းတဲ့ အနေအထားတွေမှာ လက်ရုံးတပ်ဖွဲ့တွေက မြို့ထဲတွေမှာ ရဲတွေနဲ့ ပေါင်းပြီးတော့ မြို့လုံခြုံရေး ယူရတဲ့ အနေအထားပေါ့။တိုက်ခိုက်ရေး ကျန်တဲ့ တပ်မတွေ ခြေလျင်ခြေမြန်တပ်မတွေက မြို့ပြင်ဘက်က စခန်းကုန်းတို့ ရွာတို့ ဘာတို့ အဲဒီလိုမျိုးပေါ့။ တပ်တွေကတော့ အများကြီး ပင်ပန်းတယ်ဗျာ။ အဲဒီလို အနေအထားမှာတော့ စစ်သည်တွေက ဘယ်သူမှတော့ ဒီလိုမျိုး ဘာကြောင့် ဖြစ်ရလဲ သူတို့ဘာသူတို့ သိတယ်။ သူတို့ဘာ သူတို့ အနေအထားနဲ့ ထွက်ရမယ့် ထွက်ဖို့ ခက်ခဲနေတဲ့ အနေအထားတော့ တော် တော် များများတော့ ရှိတယ်ဗျာ။ ထွက်ဖို့ ကြိုးစားတာလည်း အဆင်မပြေတာလေးတွေလည်း ဖြစ်တယ်ဗျာ။တချို့တွေကလည်း ထွက်ပြီးတော့ ပြန်မိသွားတဲ့ အနေအထားတွေလည်း ရှိတယ်။

မေး ။ ဗိုလ်ကြီးအနေနဲ့ကရော ဒီ တပ်ထဲမှာ ရှိနေတဲ့ စစ်သားတွေ အရာရှိတွေ အဲဒီလိုမျိုး ဗိုလ်ကြီး အခုအခြေအနေ ။ ဗိုလ်ကြီးလည်း အခု CDM လုပ်ပြီး ၁လလောက် ရှိပြီ။ ဗိုလ်ကြီးရောက်တဲ့အချိန် ၊ ဗိုလ်ကြီး ဘယ်လိုများ တိုက်တွန်းချင်လဲ ။

ဖြေ။ ။ သေချာပြန်စဉ်းစားပေါ့နော်။ နောက်ပြီးတော့ ကျွန်တော်တို့ တပ်မတော်ရဲ့ တာဝန်က ဘာကို အဓိက ဘာကို အဓိကထား လုပ်ရမှာလဲ ။ လူကြီးတွေကို ကာကွယ်ရမှာလား ။ နိုင်ငံတော်ကို ကာကွယ်ရမှာလား ။ ပြည်သူတွေကို ကာကွယ်ရမှာလား ။ စဉ်းစားပေါ့။ အခုဖြစ်နေတာက အကုန်လုံးက အာဏာရှင်တည်မြဲဖို့ လူကြီးတွေ သူ့နေရာ သူ တည်မြဲဖို့အတွက်ကို အသက်တွေ ပေးပြီးတော့ ဘာမှ မကာကွယ်နဲ့။ ကိုယ့်ရဲ့ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း၊ နောက်ပြီးတော့ အပြင်ထွက်လိုက်တာနဲ့ အဲဒီ စစ်သားကို ပြည်သူချစ်မယ်=တပ်ထဲမှာ နေရင်တော့ အရင်တုန်းက အာဏာမသိမ်းခင်ကာလက ဘယ် လောက် ကောင်းအောင်ပဲ လုပ်ထားလုပ်ထား မင်းတို့ကို တပ်ထဲမှာ ရှိနေရင်တော့ မုန်းမှာပဲပေါ့။ အဲဒီတော့ ပြည်သူချစ်တဲ့ စစ်သားဖြစ်ဖို့ ကိုယ့်တိုင်းပြည်ရဲ့ အဓိက ကောင်းဖို့အတွက် အပြင်ကို ထွက်လာပြီးတော့ CDM ဝင်ပါလို့ပဲ ကျွန်တော် ပြောချင်ပါတယ်။