Athi mi zong Mara, A tap mi zong Mara, Harnak aton mi zong Mara asi ruang ah hi kong hi remh/dither ding kan si?? ”Khonumthung news” Interview nak cu?

Kawlram chung ramkhel lio le Ralhrang hna nih nawlngeihnak alak hnu, Chin state ah Mara miphun chung in, Bu pahnih in a um mi, Chinland Defence Force-Mara (CDF-Mara) le Mara Administrative Territorial Council-MATC/MDF hna hi an si, tuhlan an irem lonak arak chuah hnu in, October 3 in an karlak boruak hi azual deuh deuh khi asi, mah hnu October 9 ah Ngaphaipi khua ah ikah nak aphanter kha asi.

Mah an ikahnak ah khan athi mi le hliamhma ngei an um lo hmanh ah, Ngaphaipi khua chung um mi hna minung 600 leng hna cu, khat lei India ram chung Mizoram ah himnak ding ah ralzam in an lut hna tiah theih asi, Kawlram ah ralhrang nih Nawl ngeihnak an lakh nu ram pumpi ah Military nawlngeihnak duh lo in, hriamnam ngeih tete tlai in doh asi, Chin state zong ah District base in hriam tlai Bu le Miphun base in tuah mi hliam tlai Bu tiin hriamtlai ralkap bu hna cu minung 18 leng an si.

CDF-Mara le MATC/MDF Mara hna hi Mara miphun base in tuah mi ralkap bu an si tiah an ti, Zei ruang adah miphun atluk veve hriam tlai karlak ah iremh lonak a um? An mah ralkap Bu 2 hna karlak ah zei dah iremh lonak asi hnga? remdaihnak ding ah zei tin dah tuah atha lai? Mah kong he peh tlai in, Mara Administrative Territorial Council-MATC/MDF chim rel nak nawl ngeitu pakhat U Khaing Sa cu, Khonumthung news lei nih bia hal nak cu:-

မေး။ ။ CDF-Mara နဲ့ MATC/MDF အကြား အဓိက အဆင်မပြေမှု၊ အငြင်းပွားမှုတွေဟာ ဘာတွေပါလဲ။

ဖြေ။ ။  CDF-Mara  နင့် MDF က အဓိက မကြည်လည်တဲ့အချက်လက်တွေက နံပါတ်တစ် ပုဂ္ဂိုလ်ရေးတွေပါနိုင်ပါတယ်။ နံပါတ်နှစ်က ထိပ်ပိုင်းကလူတွေ ပွင့်ပွင့်လင်း လင်းပြောရရင် အခု CDF-Mara တွေက နောက်ပိုင်းမှ ပေါ်လာတဲ့ဟာ၊ သူတို့ရဲ့ ကျောထုတ်နောက်ခံတွေက Dr.Sasa တို့ပေါ့။ အဲ့ဒီသမိုင်းတွေ အများကြီး ရှိတယ်။ အဲ့ဒီကြားမှာ ကျွန်တော်တို့ ပူးပေါင်းဖို့ တော်လှန်ရေး အဖွဲ့ဝင်တွေ အကုန်လုံးစုပေါင်းပြီးတော့ တစ်စုတစ်စည်း မရာမှာ တပ်ဖွဲ့တစ်ခုနဲ့လုပ်ရအောင် ဆိုပြီးမှ ပြေပြေ လည်လ ည်လုပ်လာခဲ့တဲ့ဟာကို ဒီလိုခေါင်းဆောင်ပိုင်းတစ်ချို့တွေက ဒီရေရှည်နိုင်ငံရေးပုံရိပ်အတွက် သူတို့ စဉ်းစားပြီး လုပ်လာတဲ့အချိန်မှာ အခု နောက်ပိုင်းကြမှ CDF-Mara ဆိုပြီးမှ တပ်ပြန်ဖွဲ့ပြီးတော့ ဖြစ်သွား တယ်။

မေး။ ။ စစ်အာဏာရှစ်စနစ်ကို ဆန့်ကျင်တော်လှန်နေတဲ့ မရာမျိုးနွယ်စုအချင်းချင်းကြားမှာ ဘာကြောင့် ခုလို ပဋိပက္ခတွေ ဖြစ်နေရတာလဲ။

ဖြေ။ ။ ဒီဟာက ပဋိပက္ခတွေကတော့ နောက်ကွယ်ကလူတွေမရှိရင် ဘာမှ ပြသနာမရှိဘူး။ CDF ဘက်ကလည်း သူ တို့နောက်ကွယ်ကလူတွေ အဖွဲ့စည်းနှစ်ခုလောက်ရှိတယ်လေ၊ နောက်တစ်ချက်က ကျွန်တော်တို့ အစက ဒီလောက်မ ဟုတ်ဘူး အခုနောက်ပိုင်းဖြစ်လာတဲ့ဟာက အရင်တုန်းက ငဖိုင်သဲမှာ CDF-Mara ဘက်တစ်ယောက်သေတယ် ဆိုတာ ဆရာတို့အကုန်လုံးသိမှာပါ။ အဲ့ဒီတုန်းက ဖြစ်တဲ့ဟာက အခုနောက်ပိုင်းတော်တော်လေး အကျိုးဆက်၊ သက်ရောက်မှုကရှိ လာတယ်။ သေသွားတဲ့ သူ့အမျိုးထဲက မကျေနပ်တဲ့အပိုင်းတွေ အများကြီးရှိလာတယ် အဲ့နောက်ပိုင်းသူတို့ရဲ့ လှုပ်ရှားမှု တွေက ဘယ်လိုဖြစ်လာသလဲဆိုတော့ ကျွန်တော်တို့ MATC/MDF က ကစက နဲ့ ပူးပေါင်းတယ်ဆိုပြီးမှ Lobby တွေလုပ်ပြီး ဝိုင်းပြီးတိုက်ခိုက်တယ်၊ MDF အနေနဲ့ စကစ နဲ့ ပေါင်းတယ်လို့ ယုံကြည်ကြတယ်လေ၊ ဒါကတော့ ကျနော်တို့ တော်တော် လေးဝမ်းနည်းတယ်၊ ကျွန်တော်တို့နဲ့ ဒီစကစ နဲ့ ပေါင်းပါတယ်ဆိုတဲ့ အထောက်အထားပြပါဆိုလည်း တစ်ယောက်မှ မပြနိုင်ဘူး၊ ဆိုတော့ ကျွန်တော်တို့က ဝမ်းတော့နည်းတယ် ကျွန်တော်တို့ မရာအချင်းချင်းမှာဖြစ်တယ်၊ ဝမ်းနည်းတယ်၊ စိတ်လည်းမကောင်းဘူး။

နောက်တစ်ချက်က ကျွန်တော်တို့ တော်တော်လေးကို စိတ်ထိခိုက်ရတဲ့အကြောင်းရင်းက မရာအမျိုးသားအချင်းချင်းဖြစ်နေ တဲ့ဟာကို အနောက်ကနေ မီးမွှေးပြီး ပင့်ပေးကြတော့ CDF-Mara ဘက်ကနေပါဝင်ပြီးမှ တိုက်ခိုက်ပေးနေတဲ့ အဖွဲ့စည်း တွေ ကျွန်တော်တို့ကို တော်တော်လေးအခဲမကြည်တဲ့ပုံစံမျိုးတွေဖြစ်နေတယ်။ ကျွန်တော်တို့က ဘယ်တော့မှ ပစ်ဖို့လုံးဝ မရည်ရွယ်ဘူး CDF-Mara အင်အားကို ကျွန်တော်တို့သိတယ်။ ပစ်လောက်ရတဲ့အနေအထားတောင်မရှိဘူး သူတို့ရဲ့ အင်အားနဲ့ လက်နက်ဟာ သို့သော်လည်း ကျွန်တော်တို့ ဘာမှမလုပ်ဘူးအခုချိန်ထိ။

မေး။ ။ ဒီကိစ္စကိုနှစ်ဖက်တပ်ဖွဲ့အကြား ညှိနှိုင်းဖို့ကော်ကြိုးစားခဲ့ကြသလား။ ဘယ်နှစ်ကြိမ်လောက်ညှိနှိုင်းဖို့ကြိုးစား ခဲ့တာလဲ။ ဘာတွေက အဟန့်အတားဖြစ်စေတာလဲ။

ဖြေ။ ။ အဲဒီနေရာမှာ ကျနော်တို့လည်းအံ့သြတယ်၊ ကျွန်တော်တို့ဘက်က တရားဝင်ကမ်းလှမ်းတာက နှစ်ကြိမ်၊ ကြား ကနေ ကမ်းလှမ်းတာက ၄/၅ ကြိမ်မကလောက်ဘူး။ ကျွန်တော်တို့ကိုယ်တိုင် ချိန်းထားတဲ့ အထိသွားတယ် တစ်ယောက်မှ မလာဘူး အရှက်ကွဲပြီးတော့ ပြန်လာရတယ်။ နောက်တစ်ကြိမ် ပြန်ပြောတယ် သူတို့ဘက်က လက်မခံဘူး။ နောက်ပိုင်း ဒီမရာအသိုင်းဝိုင်းမှာရှိတဲ့ လူကြီးတွေကအစ အကုန်လုံးက တွေ့ဆုံဆွေး‌နွေးဖို့ကြိုးစားကြတယ်။ သူတို့ဘက်က လုံးဝပယ်ချ တယ်။ လုံးဝမရဘူးဆိုတော့ ကျွန်တော်တို့ ကြိုးစားခဲ့သမျှဟာ လုံးဝအရာမထင်ဘူး။ ဆိုတော့ ဒါက တော်တော်လေးကို မရိုးသားမှုတွေ နောက်ကွယ်ရာမှာ အများကြီးရှိမယ်လို့တော့ ကျွန်တော်ယုံကြည်တယ်။

မေး။ ။ မရာမျိုးနွယ်စု အချင်းချင်းကြားမှာ ခုလိုမပြေလည်မှုတွေဖြစ်နေတာဟာ ချင်းပြည်သူတွေက စိတ်မကောင်း ဖြစ်ကြတယ်၊ ဒီလိုဖြစ်တာကိုမလိုလားကြဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့သင့်မြတ်ပြီးနေသွားစေချင်ကြတယ်။ ဆိုတော့ ဆရာ တို့နှစ်ဖွဲ့အကြားမပြေလည်မှုဟာ အဆုံးသတ်ဖို့အတွက် ဘာတွေဆောင်ရွက်ဖို့လိုမလဲ။ နှစ်ဖက်စလုံးအတွက်ပေါ့။

ဖြေ။ ။ နှစ်ဖက် မပြေလည်မှုတွေ အဆုံးသတ်ဖို့ဆိုလို့ရှိရင် ကျွန်တော်တို့က မတွေ့ဆုံပဲနဲ့တော့ အဆုံးသတ်လို့မရဘူး လေ၊ ဘယ်တော်လှန်ရေးမှာပဲဖြစ်ဖြစ် ဘယ်ပဋိပက္ခတွေမှာပဲဖြစ်ဖြစ် မတွေ့ဆုံပဲ စကားမပြောပဲနဲ့တော့ ကိုယ့်သဘော၊ သူ့သဘောချပြဆွေးနွေးလို့မရဘူး။ အရင်ဆုံးတွေ့ဖို့လိုတယ်။ အဲ့ဒီလိုတွေ့မယ်ဆိုရင် ချင်းပြည်နယ်မှာ ဖြစ်တဲ့အတွက် ကြောင့် ချင်းမျိုးနွယ်စုဖြစ်တဲ့အတွက်ကြောင့် တာဝန်ယူပြီးတော့ လုပ်ပေးမယ့်သူလိုတယ်။ အဖွဲ့စည်းလား၊ လူပုဂ္ဂိုလ်လား။ အဲ့ဒီလုပ်တဲ့နေရာမှာလည်း မျှမျှတတလုပ်ဖို့လိုတယ်။ နောက်ကွယ်ကနေ အသုံးမချပဲနဲ့ပေါ့နော်။ မရာပြည်သူတွေကို တကယ့်တကယ် စေတနာထားပေးတဲ့အဖွဲ့အစည်းတွေ မရာပြည်သူ့ရဲ့သဘောထားကိုလည်း ပွင့်ပွင့်လင်းလင်း လက်ခံနို င်ရမယ့်သူ အဖွဲ့စည်းတွေဖြစ်ဖို့လိုတယ်။ ဆိုတော့ အခုန ကျွန်တော်ပြောသလိုပဲ အဆုံးသတ်မှဖြစ်မယ်။ သေတဲ့သူက လည်း မရာဖြစ်နေမယ်၊ ငိုတဲ့သူကလည်း မရာဖြစ်နေမယ်၊ ဒုက္ခရောက်တဲ့သူကလည်း မရာဖြစ်နေမယ်၊ ဒါကမကြိုက်ရင်လ ည်း အဆုံးသတ်ရမှဖြစ်မယ်၊ ဥပမာ ရာထူးရာခံလိုချင်တယ်ဆိုရင် ကျွန်တော်တို့လည်း ထွက်ပေးမယ်၊ ရာထူးကဘာလုပ်မှာ လဲ၊ အဲ့တာကြောင့် ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီဟာကို ချင်းလူထုက သင်ခန်းစာယူဖို့ သတင်းစကားပါးချင်တယ်။ ကျွန်တော် တို့ကြားမှာ ဒီလိုမျိုးမဖြစ်အောင်၊ ချင်းပြည်နယ် အနာဂတ်ရဲ့ နိုင်ငံရေးကို လက်ဝါကြီးအုပ်ဖို့၊ သွေးခွဲမှု၊ သွေးထိုးမှုတွေ နိုင်ငံရေးကစားကွက်တွေ သတိထားဖို့လိုလိမ့်မယ်၊ ကြိုးစားပြီး ရိုးသားကြဖို့လိုလိမ့်မယ်။

မေး။ ။ ဆိုတော့ ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေက ကြားဝင်ဆောင်ရွက်ပေးမယ်ဆိုရင် အဆင် ပြေနိုင်မလဲ။

ဖြေ။ ။ လူပုဂ္ဂိုလ်ကျတော့ ကျွန်တော်သိပ်မပြောတတ်ဘူး။ ဒါပေမယ့် ဒီချင်းပြည်နယ်မှာကြတော့ CJDC (ချင်းလက်န က်ကိုင်ပူးပေါင်းကော်မတီ) တစ်ခုပဲရှိတယ်လေ၊ ဆိုတော့ CJDC မှာရှိတဲ့ တာဝန်ရှိတဲ့သူတွေက စုံစမ်းဖို့အရေးကြီးတယ်။ စုံစမ်းတဲ့နေရာမှာလည်း ကျွန်တော်တို့ဘက်က ဖိအားမပေးဘူး၊ CDF-Mara ဘက်ကလည်း ဝင်မစွပ်နဲ့ ကျွန်တော်တို့လည်း ဝင်မစွပ်ဘူး၊ လွတ်လွတ်လပ်လပ်တစ်နယ်လုံးကို အဖြစ်ပျက်မှန်ကို စုံစမ်းပါစေ၊ မရာပြည်သူလူထုရဲ့သဘောထားကိုလည်း စုံစမ်းမေးမြန်းပါ၊ ရရှိလာတဲ့အချက်လက်တွေကို တိတိကျကျမှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်းထုတ်ပြန်စေချင်တယ် အဲ့တာ ကိုလည်း အကုန်လုံးကလက်ခံနိုင်ရမယ်၊ သမာသမတ်ရှိရှိလုပ်ဖို့ အဖြစ်နိုင်ဆုံးအဖွဲ့စည်းကတော့ CJDC ပဲဖြစ်ပါ လိမ့်မယ်။

မေး။  ။ တခြားဘာများဖြည့်စွပ်ပြောချင်တာရှိပါလဲ။

ဖြေ။  ။ ကျွန်တော်ကတော့ စိုးရိမ်မိတယ် ကျွန်တော်တို့မရာပြည်နယ်တစ်ခုတည်းအတွက်မဟုတ်ဘူး၊ ချင်းပြည်နယ်တ စ်ခုလုံး ချင်းလူမျိုးတွေ၊ လက်နက်ကိုင်အကုန်လုံးတွေမှာ ကျွန်တော်တို့ မရာတွေလိုဖြစ်မှာ တော်တော်လေးစိုးရိမ်နေတယ်။ ကျွန်တော်တို့ကတော့ ရှေ့ဆက်ပြီးညှိနှိုင်းဖို့ အဖြေရှာဖို့ ကျွန်တော်တို့က အမြဲတမ်း တံခါးဖွင့်ပေးတယ် လက်ခံတယ် ကြိုဆိုတယ်။

Website Link>>>https://khonumthung.org/