Tlangcung miphun hna nih kan tuah bal lo mi le kan hman bal lo mi “Holh phun” 31 hna cu, Upa zong nih cawn a herh cang,
လူကြီးတွေကို သင်ပေးပါ, အသက်ကိုးနှစ် အရွယ်မှာတတ် မြောက်ပြီးဖြစ်သင့်သည့် လူမှုတာဝန်အမူ အကျင့် (၃၁) မျိုး
- တခုခုလိုအပ်လို့ Request လုပ်ရင် (တောင်းဆိုရင်) PLEASE (ကျေးဇူးပြုရ်ျ) ဆိုတဲ့စကားကိုအမြဲသုံးပါ
- တစုံတယောက်ကသင့်ကို အကူအညီတခုခုပေး၇င် အမြဲ THANK YOU (ကျေးဇူးတင်ပါတယ်) လို့ပြောပါ
- ပစ္စည်းတခုခုလက်ခံ ရရှိရင်အမြဲ THANK YOU (ကျေးဇူးတင်ပါတယ်) လို့ပြောပါ
- တစုံတယောက်ရဲ့အာရုံကို ရဘို့လိုအပ်ပါက EXCUSE ME (တစ်ဆိတ်လောက် ကျေးဇူးပြုရ်ျခွင့်ပြုပါ) လို့ပြောပါ ( ကြားဖြတ်ပြောဆိုရာတွင် ယဉ်ကျေးရန်အတွက် သုံးသောစကားဖြစ်ပါသည်)
- တခုခုလုပ်ချင်လို့ မှားသွားနိုင်တယ်လို့သံသယရှိနေရင် လူကြီးထံခွင့်ပြုချက်တောင်းပါ (ဒီလိုမေးထားခြင်းကြောင့် အချိန်ကြာမြင့်စွာနောင်တရ စိတ်သောကဖြစ်ခြင်းမျိုးကို ရှောင်ရှားနိုင်ပါတယ်)
- သူတပါးရဲ့ရုပ်ရည် အဆင်းသဏ္ဍန်အားနည်းချက်တွေ လှောင်ပြောင်ပျက်ရယ်ပြုတာ မျိုးကိုရှောင်ရှားပါ (အင်မတန်ရိုင်းစိုင်းတဲ့ နိမ့်ကျတဲ့ စိတ်ထားဖြစ်ပါတယ်)
- မလိုအပ်ပဲ ကျယ်လောင်စွ ာအော်ဟစ်ပြောဆိုတာ မျိုးကိုရှောင်ရှားပါ
- တစုံတယောက်က သင့်ကိုနုတ်ဆက်ရင် ယဉ်ကျေးပျူငှာစွာဖြေကြားပါ
9.သူငယ်ချင်းအိမ်မှာ သွားကစား၇င် သင်ပျော်ရွှင်ခဲ့တဲ့ အချိန်တွေအတွက် သူငယ်ချင်း၇ဲ့မိဘတွေကို ကျေးဇူးတင်စကားပြောပါ
- တခါးပိတ်ထားတဲ့ အခန်းထဲကို၀င်ဖို့လိုတယ် ဆိုရင်တံခါးခေါက်ပြီး ၀င်ခွင့်တောင်းပါ
- ညစ်ညမ်းရီုင်စိုင်းသောစကား အသုံးနှုန်းများကို ရှောင်ရှားပါ (စိတ်ထားညံ့ဖျင်းယုတ်ညံ့ ကြမ်းတမ်းသေးသိမ်တဲ့ သင်တန်ဖိုးကိုဖော်ပြနေပါတယ်)
- လူတွေကိုအမည်ပြောင်တွေ၊ အမည်ပျက်က်တွေ၊ အမည်ဆိုးတွေ – ဥပမာ -သူတောင်းစား၊ အောက်တန်းစား၊ ၀က်ရုပ်၊ခွေးဝဲစား၊ သွားခေါ၊ ပြောင်ကြီး၊ ထိပ်ပြောင်၊ ၀က်ပုတ်အစ၇ှိတဲ့ အမည်ပျက်က်အမည်ဆိုးတွေမခေါ်ပါနဲ့ (ကိုယ်ချင်းမစာနာ /သေးသိမ်တာ / မယဉ်ကျေးတာ / ရက်စက်တဲ့စိတ်ထားရှိတာကို ဖော်ပြပါတယ်)
- သူတပါးရဲ့အားနည်းချက်တွေ မွေးရာပါချို့ယွင်းချက်တွေ ကိုလှောင်ပြောင်တာမျိုး မလုပ်ပါနဲ့ (သေးသိမ်ရက်စက်တဲ့ စိတ်ထားဖြစ်ပါတယ်)
- လူတယောက်ကို မတော်တဆတိုက်မိရင် EXCUSE ME (ခွင့်လွှတ်ပါ) (သို့မဟုတ်) SORRY (စိတ်မကောင်းပါဘူး ခွင့်လွတ်ပါ) လို့ပြောပါ
- ချောင်းဆိုးရင် ဟပ်ချိုးချေလျင် /နှာခေါင်းတွေ ပါးစပ်တွေ ကိုဖုံးအုပ်ပါ
- လူတွေကြားထဲမှာ နှာခေါင်းနှိုက် / ပါးစပ်နှိုက် / သွားနှိုက်တာမျိုး မလုပ်ပါနဲ့ (အလွန်ရွံ စ၇ာကောင်းပါတယ်)
- ကိုယ်ကအခန်း တခါးတခုကို ဖွင့်ပြီးဖြတ်သွားတဲ့ အခါနောက်လူပါလာ၇င် တခါးကိုခဏကိုင်ပြီ ဟထားပေးပါ
- အိမ်မှာတဦးဦးက အလုပ်လုပ်နေ၇င် အကူညီလိုသလား လို့မေးပါ လိုအပ်၇င် ကူညီပါ (ဒီလိုကူညီတတ်ခြင်း ကြောင့်တခုခုပိုပြီး တတ်မြောက်လာနိုင်ပါတယ်)
- အိမ်မှာမိဘ ဘိုးဘွားတွေက အကူညီတောင်းရင် မြည်တွန်တောက်တီးမှု မပြုပဲပါ၀င်ကူညီပါ
- ကျေးဇူးတင် တတ်တဲ့စိတ်ရှိ အောင်ကျေးဇူးတင်ကြောင်းပြ သတတ်အောင်ကလေးကို လေ့ကျင့်ပေးပါ
- TELEPHONE ဖြေတတ်အောင် သင်ပေးပါ. TELEPHONE ကိုယ်ကခေါ်တဲ့ အခါကိုယ့်ကိုယ်ကိုမိတ်ဆက် ပြီးအကြောင်းကိစတွေကို အသံကြည်လင်စွာယဉ် ကျေးစွာပြောတတ်အောင်သင်ပေးပါ
22.နားထောင်တတ်အောင် အချင်းချင်း စကားပြောဆိုချိတ်ဆက် နားထောင်တတ် အောင်သင်ပေးပါ၊ အခြားလူတဦးနဲ့စကားပြော၇ မှာစိတ်၀င်စားမှုကိုကိုယ်အမူအရာ အားဖြင့်ဥပမာ -(ပြောတဲ့လူဘက်တည့်တည့် လှ့ည့်နားထောင်တာ) ၊ခေါင်းငြိမ့်တာ၊ ပြောသူ၂ဦးမျက်လုံးစိုင်ခြင်း၊ မေးခွန်းမေးခြင်းစသည်တို့ ဖြင့်စိတ်၀င်စားကြောင့်ပြသ တတ်အောင်သင်ပေးပါသည်။
- စကားပြောချိတ်ဆက်တတ် အောင်သင်ပေးပါ – တဦးနှင့်တဦးအလှည့်ကျ စကားပြောတတ်အောင် သင်ပေးပါ၊ တယောက်ပြောသည့်စကားကို တယောက်ပြီးအောင် နားထောင်ပြီးနောက် တယောက်ကပြန်လည်ပြောဆိုပါ – တဦးနှင့်တဦးစကားလု ပြောပါကပြောဆိုသိရှိ၇ မည့်စကားကိုနှစ်ဦးနှစ်ဖက်အပြည့်အ၀ မသိရှိပဲနားလည်မှုလွဲမှား တတ်ကြောင်းကလေး ကိုရှင်းပြထားပါ
- ကလေးအ၇ွယ်နှင့်မျှတ သည့်အလုပ်တာ၀န်များကို မိသားစုတွင်ဝိုင်း၀န်ပါ၀င် လုပ်ကိုင်ခွင့်ပေးပါ (ဥပမာ – ပစည်းတွေဝိုင်းသိမ်းတာဖုန်သုတ်တာ စသဖြင့်.ပါဝင်ခြင်းဖြင့်ကလေးက တာ၀န်ယူတတ်လာပါလိမ့်မည်
- ထမင်းစားပွဲများကို တကိုယ်စာ၊ မိသားစုစားပွဲဝိုင်းစာပြင်တတ်အောင် သွန်သင်ပေးပါ
26.အစားစာတဲ့အခါ ပါးစပ်ဖွင့်ပြီးဝါးခြင်း ပလုပ်ပလောင်းစကားပြောခြင်းများကို ရှောင်ရှားပါ၊ ရှူးရှူးရှဲရှဲအသံမြည်သောက်သုံးခြင်းများကို ရှောင်ရှားပါလက်သုတ်ပဝါကို ပေါင်ပေါ်တွင်ဖြန့်ကာလိုအပ်ပါက ပါးစပ်သုတ်၇န်သန့်စင်၇န်အတွက် အသုံးပြုနိုင်ပါသည်
27.စားဝိုင်းမှာမမှီ မကမ်းဟင်းပွဲတွေကို စားပွဲပေါ်ဆန့်ပြီးအတင်း မယူပါနဲ့ဘေးလူထံလက်ဆင့်ကမ်းဘို့ အကူညီတောင်းပါ။ ထမင်းစားပွဲမှာဖိတ်စင်ခြင်း၊ ညစ်ပေစွာစားခြင်း၊ ပေသောလက်ဖြင့်ဟင်းခတ်ဇွန်းများကိုကိုင်ခြင်း၊များကိုရှောင်ရှားပါ
- စားပွဲပေါ်တွင်တံတောင်ဖြင့် လက်ထောက်ခြင်းမေးတင်ခြင်းများကို ရှောင်ရှားပါ (စိတ်မ၀င်စားကြောင်း၊ ငြီးငွေ့ဖွယ်ကောင်းကြောင်းကိုသင်၏ BODY Language ဖြင့်ဖော်ပြ နေခြင်းဖြစ်ပါသည်)
29.ကျောင်းပွဲများအဖွဲ့စည်းမှ ပြုလုပ်သောစုပေါင်းပွဲများတွင် မိမိအလှည့်ပြီးလို့ ထမပြန်ပါနဲ့အခြားသူများ၇ဲ့အလှည့် ကိုလည်းစောင့်ပြီးစိတ်၀င်စားကြောင်းပြပါ/ အားပေးကြောင်းပြသပါ)
30.လူကြီးတွေ စကားပြောဆွေးနွေးတဲ့ အခါအတင်းကြား၀င်ကြားဖြတ် ပြောဆိုခြင်းကို မပြုလုပ်ဖို့ သင်ပေးပါ၊ အရေးပေါ်ကိစ္စရှိမှသာ EXCUSE ME (တဆိတ်လောက်ခွင့်ပြုပါဟု ခွင့်ပြုချက်တောင်းပြီးပြောဆိုစ၇ာ၇ှိတာကိုပြောဆိုခိုင်းပါ)
- တန်းစီပါကြားမဖြတ်ပါနဲ့ (အခြားလူတွေရဲ့အချိန် အခွင့်ရေးကို မလေးစားကြောင်းအင်မတန် ရိုင်းစိုင်းစည်းကမ်းမဲ့ကြောင်း ဖော်ပြနေတဲ့အမူ အကျင့်ဖြစ်ပါတယ်) လူမှုယဉ်ကျေးမှု အသိပညာအဆင့်မြင့်သော လူအဖွဲ့အစည်းကို ဝိုင်း၀န်းတည်ဆောက်ကြပါစို
#Judith#